0%
Still working...

Curtin University RTP Scholarship

Curtin-University-RTP-Scholarship

Curtin University RTP Scholarship 2026 (သြစတြေးလျ) အကြောင်းတင်ပြပါမည်။

သြစတြေးလျနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော Curtin University တွင် သုတေသနမာစတာဘွဲ့နှင့် ပါရဂူဘွဲ့များအတွက် အပြည့်အဝထောက်ပံ့ငွေပေးအပ်မည့် Research Training Programme (RTP) Scholarship အတွက် လျှောက်လွှာများခေါ်ယူနေပြီဖြစ်သည်။ ဤပညာသင်ဆုကို သြစတြေးလျအစိုးရမှ အပြည့်အဝ ရန်ပုံငွေထောက်ပံ့ထားခြင်းဖြစ်သည်။

Curtin University ပညာသင်ဆုသည် သြစတြေးလျနိုင်ငံသားများနှင့် နိုင်ငံတကာကျောင်းသားများအတွက် ကျောင်းလခ အပြည့်အဝ၊ နေထိုင်စားစရိတ်နှင့် ကျန်းမာရေးအာမခံတို့ကို အကျုံးဝင်သော ထူးခြားသည့် အခွင့်အရေးတစ်ခုဖြစ်သည်။

Curtin University RTP Scholarship ၏ အဓိကအသေးစိတ်အချက်အလက်များ၊ လိုအပ်ချက်များနှင့် အောင်မြင်စွာ လျှောက်ထားနိုင်မည့် နည်းလမ်းများကို ဤဆောင်းပါးတွင် တင်ပြသွားပါမည်။

Curtin University RTP Scholarship 2026 အနှစ်ချုပ်

  • အိမ်ရှင်နိုင်ငံ: သြစတြေးလျ
  • ပညာသင်ကြားရမည့်နေရာ: Curtin University, Australia
  • အမျိုးအစား: ဘွဲ့လွန်ပညာသင်ဆု | မာစတာဘွဲ့ ပညာသင်ဆု | ပါရဂူဘွဲ့ ပညာသင်ဆု
  • လျှောက်ထားနိုင်သည့် နိုင်ငံသားများ: နိုင်ငံအားလုံး
  • ပညာသင်ဆု၏ တန်ဖိုး: ကျောင်းလခအပြည့်အဝ | တစ်နှစ်လျှင် နေထိုင်စရိတ် AUD $37,500 | နေရာပြောင်းရွှေ့စရိတ်
  • IELTS လိုအပ်ချက်: IELTS မလိုအပ် (သို့သော် တက္ကသိုလ်၏ ဝင်ခွင့်သတ်မှတ်ချက်ဖြစ်သော အင်္ဂလိပ်စာ အရည်အချင်း ပြည့်မီရန် လိုအပ်သည်)
  • နောက်ဆုံးလျှောက်လွှာပိတ်ရက်: ၁၈ သြဂုတ် ၂၀၂၅

Curtin University RTP Scholarship အသေးစိတ်

Curtin University RTP Scholarship 2026 သည် သြစတြေးလျနိုင်ငံတွင် သုတေသနဖြင့် မာစတာဘွဲ့ (Master’s by Research) သို့မဟုတ် သုတေသနဖြင့် ပါရဂူဘွဲ့ (PhD by Research) ကို သင်ယူလိုသော နိုင်ငံတကာနှင့် ပြည်တွင်းကျောင်းသားများအတွက် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ဤပညာသင်ဆုသည် သြစတြေးလျအစိုးရမှ ရန်ပုံငွေထောက်ပံ့ပြီး Curtin University မှ စီမံခန့်ခွဲသည့် Higher Degree by Research (HDR) အစီအစဉ်တစ်ခုဖြစ်သည်။

သြစတြေးလျအစိုးရ၏ Research Training Scholarship သည် ဂုဏ်သိက္ခာအရှိဆုံး ဆုများထဲမှ တစ်ခုဖြစ်ပြီး Curtin University သည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များ၏ ၁% စာရင်းတွင် ပါဝင်သော တက္ကသိုလ်တစ်ခုဖြစ်သည်။

လျှောက်ထားရန်လိုအပ်သော အရည်အချင်းများ

Curtin University RTP Scholarship 2026 အတွက် ထည့်သွင်းစဉ်းစားရန် အောက်ပါအချက်များနှင့် ကိုက်ညီရပါမည်-

  • နိုင်ငံတကာကျောင်းသား သို့မဟုတ် ပြည်တွင်းကျောင်းသား ဖြစ်ရမည်။
  • ဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမည်။
  • အရေးကြီးဆုံးအချက်မှာ ပညာသင်ဆုမလျှောက်ထားမီ သင်နှင့်သက်ဆိုင်သော သုတေသနပရောဂျက်၏ သက်ဆိုင်ရာ Supervisor (ကြီးကြပ်သူ) ထံမှ ဖိတ်ကြားလွှာ (Invitation Letter) ကို အရင်ရယူရမည်။
  • တက္ကသိုလ်မှ ချပြထားသော သုတေသနပရောဂျက်များကို လေ့လာရှာဖွေရမည်။
  • Curtin University ၏ သက်ဆိုင်ရာဘွဲ့အတွက် ဝင်ခွင့်သတ်မှတ်ချက်များနှင့် ပြည့်မီရမည်။

ပညာသင်ဆု၏ အကျိုးကျေးဇူးများ

ဤပညာသင်ဆုသည် သြစတြေးလျအစိုးရမှ ရန်ပုံငွေထောက်ပံ့ထားပြီး အောက်ပါတို့ကို အကျုံးဝင်သည်-

  • ကျောင်းလခ အပြည့်အဝ: သင်တန်းကာလတစ်လျှောက်လုံးအတွက် ကျောင်းလခကို အပြည့်အဝ ကင်းလွတ်ခွင့်ပြုသည်။
  • နေထိုင်စရိတ်: တစ်နှစ်လျှင် AUD $37,500 ထောက်ပံ့ကြေး ရရှိမည်ဖြစ်သည်။
  • နေရာပြောင်းရွှေ့စရိတ်: ခရီးစရိတ်နှင့် နေရာထိုင်ခင်းအတွက် ထောက်ပံ့ကြေးကိုလည်း ပေးအပ်သည်။
  • ကျန်းမာရေးအာမခံ: နိုင်ငံတကာကျောင်းသားများအတွက် ကျန်းမာရေးအာမခံလည်း ပါဝင်သည်။

လျှောက်ထားပုံ အဆင့်ဆင့် (Step-by-Step Guide)

Curtin University RTP Scholarship အတွက် အောင်မြင်စွာလျှောက်ထားနိုင်ရန် အောက်ပါအဆင့်များကို သေချာစွာလိုက်နာပါ-

အဆင့် ၁: သင်နှင့်ကိုက်ညီမည့် သုတေသန ပရောဂျက်ကို ရှာဖွေပါ

  • ပထမဦးစွာ Curtin University ၏ Scholarship တရားဝင်ဝက်ဘ်ဆိုဒ်သို့ သွားရောက်ပြီး သင်စိတ်ဝင်စားသော ဘာသာရပ်နယ်ပယ်ရှိ သုတေသနပရောဂျက် (Research Projects) များကို ရှာဖွေပါ။
  • ဒါမှမဟုတ် ဤနေရာ ကနေတဆင့် Professor တွေ တိုက်ရိုက်ရှာဖွေနိုင်ပါသည်။

အဆင့် ၂: သက်ဆိုင်ရာ Supervisor နှင့် ဆက်သွယ်ပါ

  • သင်စိတ်ဝင်စားသော ပရောဂျက်ကိုတွေ့ရှိပါက အဆိုပါပရောဂျက်ကို ကြီးကြပ်မည့် Supervisor ၏ အီးမေးလ် သို့မဟုတ် ဆက်သွယ်ရန်အချက်အလက်ကို ရှာဖွေပါ။
  • သင်၏ ပညာရေးနောက်ခံ၊ သုတေသနအတွေ့အကြုံနှင့် အဆိုပါပရောဂျက်ကို အဘယ်ကြောင့် စိတ်ဝင်စားကြောင်း ရှင်းပြထားသော Professional Email တစ်စောင်ရေးသားပြီး သင်၏ CV နှင့်အတူ ပေးပို့ပါ။

အဆင့် 3: ဖိတ်ကြားလွှာ (Invitation/Acceptance Letter) ရယူပါ

  • Supervisor က သင့်ကို သူတို့၏ သုတေသနပရောဂျက်အတွက် သင့်တော်သူဟုယူဆပါက သင့်ကို RTP Scholarship အတွက် လျှောက်ထားရန် တရားဝင် ဖိတ်ကြားလွှာ (Invitation Letter) တစ်စောင် ပြန်လည်ပေးပို့ပါလိမ့်မည်။ ဤစာသည် ပညာသင်ဆုလျှောက်လွှာအတွက် မရှိမဖြစ်လိုအပ်သည်။

အဆင့် ၄: RTP Scholarship အတွက် လျှောက်လွှာတင်ပါ

  • Supervisor ထံမှ ဖိတ်ကြားလွှာရရှိပြီးနောက် Curtin University ၏ ပညာသင်ဆုလျှောက်လွှာ portal မှတစ်ဆင့် RTP Scholarship အတွက် တရားဝင်လျှောက်လွှာတင်ပါ။ Supervisor ထံမှရသော ဖိတ်ကြားလွှာကို ပူးတွဲတင်ပြရမည်။

အဆင့် ၅: တက္ကသိုလ်ဝင်ခွင့် (Admission) ကို ဆက်လက်လျှောက်ထားပါ

  • ပညာသင်ဆုအတွက် လက်ခံခြင်းခံရပြီးနောက် သင်ရွေးချယ်ထားသော မာစတာ သို့မဟုတ် ပါရဂူဘွဲ့အစီအစဉ်အတွက် တက္ကသိုလ်ဝင်ခွင့်ကို ဆက်လက်လျှောက်ထားရမည်ဖြစ်သည်။
  • သုတေသနပရောဂျက်များစွာကို လျှောက်ထားနိုင်သော်လည်း scholarship အတွက် တစ်ခုသာ ရွေးချယ်လက်ခံရမည်ဖြစ်သည်။

တရားဝင်လျှောက်လွှာတင်ရန် ဤနေရာကိုနှိပ်ပါ။

နောက်ဆုံးလျှောက်လွှာတင်ရမည့်ရက်: ၁၈ သြဂုတ် ၂၀၂၅

အလားတူ အခွင့်အလမ်းများ

အလားတူ အခွင့်အလမ်းများကို စိတ်ဝင်စားပါက အောက်ပါအချက်တွေကို ဖတ်သွားဖို့မမေ့နဲ့နော်။

  • CV ရေးနည်း၊ Research Proposal ရေးနည်း စည့်လျှောက်လွှာအတွက် အထောက်အကူ ဖြစ်စေမယ့်စာများ ဖတ်ချင်ရင် ဒီနေရာကို နှိပ်ပါ။
  • CV ရေးနည်းနှင့် ပတ်သက်ပြီး စာရေးသူ၏ ကိုယ်ရေးမှတ်တမ်းအကျဥ်းအား နမူနာကြည့်ချင်ရင် ဒီစာမျက်နှာမှာ လင့်ခ်ထည့်ပေးထားပါသည်။
  • နောက်ထပ် ပညာသင်ဆုအခွင့်အလမ်းကောင်းတွေ ကြည့်ရှုဖို့ ဒီနေရာကို နှိပ်ပြီး ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

Leave A Comment

Your email address will not be published. Required fields are marked *

Related Posts