0%
Still working...

Florida State University Scholarship

Florida State University Scholarship

၂၀၂၆ ခုနှစ်အတွက် ဖလော်ရီဒါပြည်နယ်တက္ကသိုလ် ပညာသင်ဆု (Florida State University Scholarship) သည် အရည်အချင်းပြည့်မီသော ပြည်တွင်းနှင့် နိုင်ငံတကာကျောင်းသားများအတွက် ဘွဲ့လွန် မဟာဘွဲ့ (Masters) သို့မဟုတ် ပါရဂူဘွဲ့ (PhD) သင်တန်းများ တက်ရောက်ရန် ဖလော်ရီဒါပြည်နယ်တက္ကသိုလ် (Florida State University) မှလျှောက်လွှာများ စတင်ခေါ်ယူနေပြီဖြစ်ပါသည်။

ဤပညာသင်ဆုသည် ဘွဲ့လွန်လက်ထောက် (Graduate Assistantship) အဖြစ် သုတေသနလက်ထောက် (Research Assistantship) နှင့်/သို့မဟုတ် သင်ကြားရေးလက်ထောက် (Teaching Assistantship) ပုံစံဖြင့် ချီးမြှင့်မည်ဖြစ်သည်။ ပညာသင်ဆုတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ $29,000 အထိ နေထိုင်စရိတ်ထောက်ပံ့ကြေးကျူရှင်လခ အပြည့်အဝကင်းလွတ်ခွင့် နှင့် ကျောင်းသားကျန်းမာရေးအာမခံ တို့ ပါဝင်မည်ဖြစ်သည်။

စိတ်ပါဝင်စားပြီး အရည်အချင်းပြည့်မီသော လျှောက်ထားသူများအတွက် ပညာသင်ဆု၏ အသေးစိတ်အချက်အလက်များ၊ လိုအပ်ချက်များ၊ ခံစားခွင့်များနှင့် လျှောက်ထားရမည့်အဆင့်များကို ပြည့်စုံစွာဖော်ပြပေးသွားပါမည်။

Florida State University Scholarship အကျဉ်းချုပ်

  • ပညာသင်ဆုပေးသောနိုင်ငံ: အမေရိကန် (USA)
  • ပညာသင်ကြားရမည့်နေရာ: အမေရိကန်တွင် ပညာသင်ကြားခြင်း
  • ပညာသင်ဆုအမျိုးအစား: မဟာဘွဲ့ ပညာသင်ဆု | ပါရဂူဘွဲ့ ပညာသင်ဆု
  • လျှောက်ထားနိုင်သည့်နိုင်ငံများ: နိုင်ငံအားလုံး
  • IELTS လိုအပ်ချက်: မလိုအပ်ပါ
  • ပညာသင်ဆု ထောက်ပံ့မှုများ: ကျူရှင်လခအပြည့်အဝ | နှစ်စဉ်ထောက်ပံ့ကြေး $29,000 | ကျန်းမာရေးအာမခံ
  • လျှောက်လွှာပိတ်ရက်: ဇန်နဝါရီ ၁၅၊ ၂၀၂၆

Florida State University Scholarship အချက်အလက်များ

ဖလော်ရီဒါပြည်နယ်တက္ကသိုလ်သည် အမေရိကန်နိုင်ငံတွင် ပညာသင်ကြားလိုသော စိတ်ပါဝင်စားပြီး အရည်အချင်းပြည့်မီသည့် လျှောက်ထားသူများထံမှ လျှောက်လွှာများကို လက်ခံလျက်ရှိသည်။ ဤတက္ကသိုလ်မှ ချီးမြှင့်သော ဘွဲ့လွန်လက်ထောက်ပညာသင်ဆုများတွင် နေထိုင်စရိတ်ထောက်ပံ့ကြေးများ၊ ကျူရှင်လခကင်းလွတ်ခွင့်များနှင့် ကျန်းမာရေးအာမခံတို့ ပါဝင်ပါသည်။

Florida State University Scholarship ဘွဲ့လွန်ပညာသင်ဆုအတွက် လိုအပ်ချက်များ

ဤပညာသင်ဆုအတွက် ထည့်သွင်းစဉ်းစားခြင်းခံရရန် အောက်ပါအချက်များနှင့် ကိုက်ညီရပါမည်။

  • အသိအမှတ်ပြုကောလိပ် သို့မဟုတ် တက္ကသိုလ်တစ်ခုခုမှ ဆက်စပ်ဘာသာရပ်ဖြင့် ဘွဲ့တစ်ခုရရှိထားရမည်။
  • ဘွဲ့ကြိုဒီဂရီ သို့မဟုတ် ၎င်းနှင့်ညီမျှသော ပညာအရည်အချင်းအတွက် လိုအပ်ချက်များ ပြည့်မီရမည်။
  • ဘွဲ့ကြို သို့မဟုတ် ဘွဲ့လွန် GPA ၃.၀ နှင့်အထက် ရှိရမည်။
  • အရည်အချင်း သတ်မှတ် ချက်များ လေ့လာရန်ဤနေရာကို နှိပ်ပါ။

Scholarship ၏ ကာလနှင့် ခံစားခွင့်များ

  • ပညာသင်ဆုကာလသည် သင်တန်းပြီးဆုံးသည်အထိဖြစ်ပြီး ကျူရှင်လခ၊ နေထိုင်စရိတ်နှင့် ကျန်းမာရေးအာမခံစရိတ်အားလုံးကို အပြည့်အဝ အကျုံးဝင်ပါသည်။
  • ကျောင်းသားများသည် မဟာဘွဲ့လျှောက်ထားသူများအတွက် $26,000 နှင့် ပါရဂူဘွဲ့လျှောက်ထားသူများအတွက် $29,000 နှစ်စဉ်နေထိုင်စရိတ်ထောက်ပံ့ကြေး ရရှိပါမည်။

လျှောက်ထားရန်လိုအပ်သော စာရွက်စာတမ်းများ

လျှောက်ထားသူများသည် အောက်ပါစာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားရပါမည်။

  • တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ (Application Form)။
  • ဘွဲ့လက်မှတ်နှင့် အမှတ်စာရင်း (A baccalaureate degree transcript)
  • GPA ၃.၀ နှင့်အထက်ရှိကြောင်း အထောက်အထား
  • GRE ရမှတ် (လက်ရှိတွင် GRE လိုအပ်ချက်ကို ကင်းလွတ်ခွင့်ပေးထားပါသည်)
  • သင်၏ ပညာရေးနောက်ခံနှင့် အရည်အချင်းကို သိရှိသူများထံမှ ထောက်ခံစာ ၃ စောင် (Three letters of recommendation)
  • မိမိ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရည်မှန်းချက်များအကြောင်းရေးသားထားသော စာတမ်း (Personal Statement)
  • အင်္ဂလိပ်စာ အရည်အချင်းအထောက်အထား (Proof of English Proficiency)

Florida State University Scholarship လျှောက်ထားနည်း (အဆင့်ဆင့်လမ်းညွှန်)

ဤပညာသင်ဆုကို လျှောက်ထားလိုပါက အောက်ဖော်ပြပါ အဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

  • အဆင့် ၁: သင်တက်ရောက်လိုသော သင်တန်းအတွက် တက္ကသိုလ်သို့ လျှောက်လွှာတင်ပါ။ ဝင်ခွင့်လျှောက်လွှာတင်ဖို့နှင့် ဘာသာရပ်ရွှေးချယ်ရန် ဤနေရာကိုနှိပ်ပါ။
  • အဆင့် ၂: သင်၏ လျှောက်လွှာအခြေအနေကို စစ်ဆေးရန် (Status Page) သို့ ဝင်ရောက်ရန် လမ်းညွှန်ချက်ပါသော အီးမေးလ်တစ်စောင် လက်ခံရရှိပါမည်။
  • အဆင့် ၃: Status Page တွင် သင်၏လျှောက်လွှာကို အချက်အလက်များ ပြည့်စုံအောင် ဖြည့်စွက်ပါ။

သင်တက်ရောက်လိုသော သင်တန်းနှင့် စတင်မည့်နှစ်ကို ရွေးချယ်ပြီးပါက အောက်ပါခလုတ်ကိုနှိပ်၍ အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာကို ဖြည့်သွင်းနိုင်ပါသည်။

လျှောက်ထားရန် ဤနေရာကိုနှိပ်ပါ

အလားတူ အခွင့်အလမ်းများ

အလားတူ အခွင့်အလမ်းများကို စိတ်ဝင်စားပါက အောက်ပါအချက်တွေကို ဖတ်သွားဖို့မမေ့နဲ့နော်။

  • CV ရေးနည်း၊ Research Proposal ရေးနည်း စည့်လျှောက်လွှာအတွက် အထောက်အကူ ဖြစ်စေမယ့်စာများ ဖတ်ချင်ရင် ဒီနေရာကို နှိပ်ပါ။
  • CV ရေးနည်းနှင့် ပတ်သက်ပြီး စာရေးသူ၏ ကိုယ်ရေးမှတ်တမ်းအကျဥ်းအား နမူနာကြည့်ချင်ရင် ဒီစာမျက်နှာမှာ လင့်ခ်ထည့်ပေးထားပါသည်။
  • နောက်ထပ် ပညာသင်ဆုအခွင့်အလမ်းကောင်းတွေ ကြည့်ရှုဖို့ ဒီနေရာကို နှိပ်ပြီး ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

လျှောက်လွှာပိတ်ရက်: ဇန်နဝါရီ ၁၅၊ ၂၀၂၆

2 thoughts on “Florida State University Scholarship

  1. Amy Thet

    I want to apply to the PhD program at Florida State University, USA.

    1. Tuang Za Khai

      Great, try it. Best of luck!

Leave A Comment

Your email address will not be published. Required fields are marked *

Related Posts